ေကာ့ကရိတ္ၿမိဳ႕လယ္ေကာင္က ေရႊဆိုင္တစ္ဆိုင္ကို အမ်ဳိးသားတစ္ဦးက ေသနတ္ အတုနဲ ့ အႏုၾကမ္းစီးခဲ့ၿပီး ေရႊထည္ေတြကို ယူေဆာင္မသြားဘဲ ဆိုင္ပိုင္ရွင္ကို ေသနတ္နဲ႔ ပစ္ခတ္ထြက္ေျပးခဲ့ပါတယ္...

Zawgyi

ေကာ့ကရိတ္ရွိ ေ႐ႊဆိုင္တစ္ဆိုင္ ေသနတ္အတုျဖင့္ အႏုၾကမ္းစီးခံရၿပီး ဆိုင္ရွင္ဒဏ္ရာရ

ေကာ္ေစ့၊ ခဲေစ့ေသနတ္ျဖစ္ေသာ္လည္း ဆိုင္ရွင္ ဒဏ္ရာျပင္းထန္


 ေကာ့ကရိတ္ၿမိဳ႕လယ္ ေကာင္ရွိ ေ႐ႊဆိုင္တစ္ဆိုင္ကို အမ်ိဳးသားတစ္ဦးက ေသနတ္ အတုျဖင့္ အႏုၾကမ္းစီးခဲ့ၿပီး ေ႐ႊ ထည္မ်ားကို ယူေဆာင္မသြားဘဲ ဆိုင္ပိုင္ရွင္ကို ေသနတ္ျဖင့္ ပစ္ ခတ္ထြက္ေျပးခဲ့သည္။


ေကာ့ကရိတ္ၿမိဳ႕မရဲစခန္း ႏွင့္ ကိုက္ ၅၀၀ ခန႔္အကြာတြင္ရွိ ေသာ ျဖဴစင္သန႔္ေ႐ႊဆိုင္တြင္ ယမန္ေန႕ (ဇြန္လ ၁၀ ရက္) မြန္းလြဲ ၁ နာရီခန႔္ကျဖစ္ပြားျခင္းျဖစ္သည္။ အသက္ (၅၆)ႏွစ္ အ႐ြယ္ ဆိုင္ရွင္အမ်ိဳးသမီးကို ဆိုင္ကယ္ဦးထုပ္ေဆာင္းထားသူတစ္ဦးက ေသနတ္အတုျဖင့္ခ်ိန္ကာ  ေ႐ႊထည္မ်ားကို အိတ္တစ္အိတ္အတြင္းထည့္ခိုင္းၿပီးေနာက္ အိတ္ကိုယူမသြားဘဲ ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးခဲ့ေၾကာင္းယင္းျဖစ္ရပ္ကို လုံၿခဳံေရးကင္မရာမွ ၾကည့္ရႈခဲ့ရသူ ကိုထိုက္က ေျပာသည္။


‘‘ဆိုင္ေရွ႕မွာ ဆိုင္ကယ္ရပ္ ၿပီး မိုးကာၿခဳံထားတယ္။ ဆိုင္ထဲ ဝင္ၿပီး ေ႐ႊဝယ္မလို၊ ေ႐ႊေပါင္မလို နဲ႕ ေသနတ္ထုတ္ၿပီး ေ႐ႊေတြကို အိတ္ထဲထည့္ခိုင္းတယ္။ ဆိုင္ရွင္ အစ္မက ေ႐ႊမထည့္ေပးဘဲ ပိုက္ ဆံတစ္ေထာင္တန္ တစ္သိန္းအုပ္ ကို ထည့္ေပးတယ္။ သူက လက္ မခံေတာ့ ေ႐ႊေကာင္တာဘက္ျခမ္း ကိုသြားၿပီး ေ႐ႊထည့္ေနခ်ိန္မွာ ဘာကိုေၾကာက္လန႔္သြားတယ္ မသိဘူး။ ေသနတ္နဲ႕ လွမ္းပစ္ၿပီး ဆိုင္ကယ္နဲ႕ေျပးတာ’’ဟု ေကာ့ ကရိတ္ၿမိဳ႕နယ္ ပုလဲျဖဴ လူမႈကူညီ ေရးအသင္းမွ ကိုထိုက္က ေျပာ သည္။


ေ႐ႊထည္မ်ားကို အိတ္ အတြင္း ထည့္ခိုင္းေနခ်ိန္ႏွင့္ ေသ နတ္ျဖင့္ ပစ္ခတ္ထြက္ေျပးခ်ိန္ တြင္ ဆိုင္အတြင္း လူသုံးဦးရွိေနခဲ့ သည္။


ဒဏ္ရာကို ဓာတ္မွန္ရိုက္ ရာ ဘယ္ဘက္ရင္ၫြန႔္ေနရာမွ ေဖာက္ဝင္သည့္ က်ည္ဖူးရာ ေတြ႕ရသည္ဟု ကိုထိုက္က ေျပာ သည္။


အဆိုပါအမႈကို စစ္ေဆးေန ဆဲျဖစ္ၿပီး ေသနတ္သည္ အစစ္ မဟုတ္ဘဲ ေကာ္ေစ့၊ ခဲေစ့တို႔ ထည့္၍ပစ္ရေသာ ေသနတ္အတု ျဖစ္ေၾကာင္း ကရင္ျပည္နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီးၾကည္လင္း က ေျပာသည္။ ဒဏ္ရာကိုဓာတ္မွန္ရိုက္ၾကည့္ရာေသနတ္က်ည္ဖူးပုံစံကို ျမင္ေတြ႕ရသည္ဟု  ေကာ့ကရိတ္ၿမိဳ႕ခံ အခ်ိဳ႕က ဆိုသည္။ အေသးစိတ္ကို သိရွိနိုင္ရန္ ေကာ့ကရိတ္ၿမိဳ႕မရဲစခန္းသို႔  ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းရာ တာဝန္က်ရဲအရာရွိကေျဖၾကားရန္ ျငင္းဆိုသည္။


ဒဏ္ရာရသူ အမ်ိဳးသမီးကို ေကာ့ကရိတ္၊ ျမဝတီၿမိဳ႕တို႔ႏွင့္ ထိစပ္ေနေသာ ထိုင္းနိုင္ငံ မဲေဆာက္ၿမိဳ႕ ေဆး႐ုံသို႔ မိသားစု ဝင္မ်ားက ပို႔ေဆာင္ကုသေန သည္။ ေကာ့ကရိတ္ၿမိဳ႕ေပၚႏွင့္ ၿမိဳ႕ျပင္ရပ္ကြက္အခ်ိဳ႕တြင္ ေဒသ အေခၚ ျမင္းေဆးဟုေခၚသည့္ မူးယစ္ေဆးေရာင္းခ်မႈမ်ားႏွင့္ ေလာင္းကစား႐ုံအခ်ိဳ႕ရွိေနျခင္း က ေဒသတြင္း တရားဥပေဒစိုးမိုး ေရးကို ၿခိမ္းေျခာက္ေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။

Unicode

ကော့ကရိတ်ရှိ ရွှေဆိုင်တစ်ဆိုင် သေနတ်အတုဖြင့် အနုကြမ်းစီးခံရပြီး ဆိုင်ရှင်ဒဏ်ရာရ

ကော်စေ့၊ ခဲစေ့သေနတ်ဖြစ်သော်လည်း ဆိုင်ရှင် ဒဏ်ရာပြင်းထန်


 ကော့ကရိတ်မြို့လယ် ကောင်ရှိ ရွှေဆိုင်တစ်ဆိုင်ကို အမျိုးသားတစ်ဦးက သေနတ် အတုဖြင့် အနုကြမ်းစီးခဲ့ပြီး ရွှေ ထည်များကို ယူဆောင်မသွားဘဲ ဆိုင်ပိုင်ရှင်ကို သေနတ်ဖြင့် ပစ် ခတ်ထွက်ပြေးခဲ့သည်။


ကော့ကရိတ်မြို့မရဲစခန်း နှင့် ကိုက် ၅၀၀ ခန့်အကွာတွင်ရှိ သော ဖြူစင်သန့်ရွှေဆိုင်တွင် ယမန်နေ့ (ဇွန်လ ၁၀ ရက်) မွန်းလွဲ ၁ နာရီခန့်ကဖြစ်ပွားခြင်းဖြစ်သည်။ အသက် (၅၆)နှစ် အရွယ် ဆိုင်ရှင်အမျိုးသမီးကို ဆိုင်ကယ်ဦးထုပ်ဆောင်းထားသူတစ်ဦးက သေနတ်အတုဖြင့်ချိန်ကာ  ရွှေထည်များကို အိတ်တစ်အိတ်အတွင်းထည့်ခိုင်းပြီးနောက် အိတ်ကိုယူမသွားဘဲ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့ကြောင်းယင်းဖြစ်ရပ်ကို လုံခြုံရေးကင်မရာမှ ကြည့်ရှုခဲ့ရသူ ကိုထိုက်က ပြောသည်။


‘‘ဆိုင်ရှေ့မှာ ဆိုင်ကယ်ရပ် ပြီး မိုးကာခြုံထားတယ်။ ဆိုင်ထဲ ဝင်ပြီး ရွှေဝယ်မလို၊ ရွှေပေါင်မလို နဲ့ သေနတ်ထုတ်ပြီး ရွှေတွေကို အိတ်ထဲထည့်ခိုင်းတယ်။ ဆိုင်ရှင် အစ်မက ရွှေမထည့်ပေးဘဲ ပိုက် ဆံတစ်ထောင်တန် တစ်သိန်းအုပ် ကို ထည့်ပေးတယ်။ သူက လက် မခံတော့ ရွှေကောင်တာဘက်ခြမ်း ကိုသွားပြီး ရွှေထည့်နေချိန်မှာ ဘာကိုကြောက်လန့်သွားတယ် မသိဘူး။ သေနတ်နဲ့ လှမ်းပစ်ပြီး ဆိုင်ကယ်နဲ့ပြေးတာ’’ဟု ကော့ ကရိတ်မြို့နယ် ပုလဲဖြူ လူမှုကူညီ ရေးအသင်းမှ ကိုထိုက်က ပြော သည်။


ရွှေထည်များကို အိတ် အတွင်း ထည့်ခိုင်းနေချိန်နှင့် သေ နတ်ဖြင့် ပစ်ခတ်ထွက်ပြေးချိန် တွင် ဆိုင်အတွင်း လူသုံးဦးရှိနေခဲ့ သည်။


ဒဏ်ရာကို ဓာတ်မှန်ရိုက် ရာ ဘယ်ဘက်ရင်ညွန့်နေရာမှ ဖောက်ဝင်သည့် ကျည်ဖူးရာ တွေ့ရသည်ဟု ကိုထိုက်က ပြော သည်။


အဆိုပါအမှုကို စစ်ဆေးနေ ဆဲဖြစ်ပြီး သေနတ်သည် အစစ် မဟုတ်ဘဲ ကော်စေ့၊ ခဲစေ့တို့ ထည့်၍ပစ်ရသော သေနတ်အတု ဖြစ်ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်း က ပြောသည်။ ဒဏ်ရာကိုဓာတ်မှန်ရိုက်ကြည့်ရာသေနတ်ကျည်ဖူးပုံစံကို မြင်တွေ့ရသည်ဟု  ကော့ကရိတ်မြို့ခံ အချို့က ဆိုသည်။ အသေးစိတ်ကို သိရှိနိုင်ရန် ကော့ကရိတ်မြို့မရဲစခန်းသို့  ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲအရာရှိကဖြေကြားရန် ငြင်းဆိုသည်။


ဒဏ်ရာရသူ အမျိုးသမီးကို ကော့ကရိတ်၊ မြဝတီမြို့တို့နှင့် ထိစပ်နေသော ထိုင်းနိုင်ငံ မဲဆောက်မြို့ ဆေးရုံသို့ မိသားစု ဝင်များက ပို့ဆောင်ကုသနေ သည်။ ကော့ကရိတ်မြို့ပေါ်နှင့် မြို့ပြင်ရပ်ကွက်အချို့တွင် ဒေသ အခေါ် မြင်းဆေးဟုခေါ်သည့် မူးယစ်ဆေးရောင်းချမှုများနှင့် လောင်းကစားရုံအချို့ရှိနေခြင်း က ဒေသတွင်း တရားဥပဒေစိုးမိုး ရေးကို ခြိမ်းခြောက်နေကြောင်း ဒေသခံများက ပြောသည်။

#Crd