ထိုင္းေတာင္ပိုင္းတြင္ လူငါးဦး ပစ္သတ္ခံရကာ ေသဆုံးလ်က္ ေတြ႔ရွိ


Zawgyi

ဘန္ေကာက္၊ ဇြန္ ၁၁ ။           ။ ထိုင္းႏိုင္ငံက မြတ္စလင္အမ်ားစု ႏိုင္ငံေတာင္ပိုင္းတြင္ အစၥလာမ္လျမတ္ျဖစ္ေသာ ရာမာဇန္ဥပုသ္လ ကုန္ဆုံးခါနီး အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ျမင့္မားလာျခင္းအျဖစ္ ဇြန္ ၁၁ ရက္ နံနက္ပိုင္းက လူငါးဦး ေသနတ္ျဖင့္ ပစ္သတ္ခံရမႈ ျဖစ္ပြားသည္။

ဦးေခါင္းတြင္ က်ည္ဆန္ဒဏ္ရာမ်ားျဖင့္ လူငါးဦး၏ အေလာင္းကို ယာလာျပည္နယ္ ဘန္နန္းဆာတာခ႐ုိင္က အိမ္တစ္အိမ္၏ အျပင္ဖက္တြင္ ေတြ႔ရွိျခင္း ျဖစ္သည္။


“တရားမဝင္ လုပ္ငန္းတစ္ခုခုအတြက္ အျငင္းပြားရာကေန ခုလို ပစ္ခတ္ခံရတာလို႔ ကၽြန္ေတာ္တို႔ ယူဆထားပါတယ္။”ဟု ဒုတိယဗုိလ္မွဴးႀကီး အကီေပါင္က အေသးစိတ္မဆိုဘဲ ေအအက္ဖ္ပီသို႔ ေျပာသည္။

ေသဆုံးသူႏွစ္ဦးမွာ အဆိုပါ အိမ္တြင္ ေနထုိင္ၾကသူမ်ားျဖစ္ၿပီး က်န္သုံးဦးက အိမ္နီးခ်င္းမ်ား ျဖစ္သည္ဟု အကီေပါင္က ဆိုသည္။

၂၀၀၄ ခုႏွစ္တြင္ စစ္ေသြးၾကြမ်ားက ကုိယ္ပိုင္အုပ္ခ်ဳပ္ပိုင္ခြင့္ ပိုမိုရရွိေရး ႀကိဳးပမ္းလာခဲ့ခ်ိန္မွစၿပီး ႏိုင္ငံေတာင္ပိုင္း ပဋိပကၡမ်ားအတြင္း ေသဆုံးသူေပါင္း ၇၀၀၀ ခန္႔ ရွိေနသည္။

အရပ္သားမ်ားမွာ အၾကမ္းဖက္မႈမ်ား၏ ဒဏ္ကို ႏွစ္မ်ားစြာ ရင္ဆိုင္ေနရသည္။

သို႔ေသာ္လည္း လူမ်ိဳးစု မေလးေဒသသည္ တရားမဝင္ ကုန္သြယ္ေရးႏွင့္ သူပုန္မ်ား၊ ရာဇဝတ္ဂိုဏ္းမ်ား၏ ခုိေအာင္းေျခကုပ္ယူစရာအျဖစ္ ရွိေနခဲ့သည္။

Crd

                   

Unicode...

ဘန်ကောက်၊ ဇွန် ၁၁ ။           ။ ထိုင်းနိုင်ငံက မွတ်စလင်အများစု နိုင်ငံတောင်ပိုင်းတွင် အစ္စလာမ်လမြတ်ဖြစ်သော ရာမာဇန်ဥပုသ်လ ကုန်ဆုံးခါနီး အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်မားလာခြင်းအဖြစ် ဇွန် ၁၁ ရက် နံနက်ပိုင်းက လူငါးဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပွားသည်။

ဦးခေါင်းတွင် ကျည်ဆန်ဒဏ်ရာများဖြင့် လူငါးဦး၏ အလောင်းကို ယာလာပြည်နယ် ဘန်နန်းဆာတာခရိုင်က အိမ်တစ်အိမ်၏ အပြင်ဖက်တွင် တွေ့ရှိခြင်း ဖြစ်သည်။

“တရားမဝင် လုပ်ငန်းတစ်ခုခုအတွက် အငြင်းပွားရာကနေ ခုလို ပစ်ခတ်ခံရတာလို့ ကျွန်တော်တို့ ယူဆထားပါတယ်။”ဟု ဒုတိယဗိုလ်မှူးကြီး အကီပေါင်က အသေးစိတ်မဆိုဘဲ အေအက်ဖ်ပီသို့ ပြောသည်။

သေဆုံးသူနှစ်ဦးမှာ အဆိုပါ အိမ်တွင် နေထိုင်ကြသူများဖြစ်ပြီး ကျန်သုံးဦးက အိမ်နီးချင်းများ ဖြစ်သည်ဟု အကီပေါင်က ဆိုသည်။

၂၀၀၄ ခုနှစ်တွင် စစ်သွေးကြွများက ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ပိုမိုရရှိရေး ကြိုးပမ်းလာခဲ့ချိန်မှစပြီး နိုင်ငံတောင်ပိုင်း ပဋိပက္ခများအတွင်း သေဆုံးသူပေါင်း ၇၀၀၀ ခန့် ရှိနေသည်။

အရပ်သားများမှာ အကြမ်းဖက်မှုများ၏ ဒဏ်ကို နှစ်များစွာ ရင်ဆိုင်နေရသည်။

သို့သော်လည်း လူမျိုးစု မလေးဒေသသည် တရားမဝင် ကုန်သွယ်ရေးနှင့် သူပုန်များ၊ ရာဇဝတ်ဂိုဏ်းများ၏ ခိုအောင်းခြေကုပ်ယူစရာအဖြစ် ရှိနေခဲ့သည်။