မိခင္အား အရက္မူးၿပီး ရန္ျပဳသည့္ ဖခင္ကို သားက ဓားျဖင့္ထိုးသတ္မႈ ျဖစ္ပြား

Zawgyi

မႏၲေလးတိုင္း၊ သာစည္ၿမဳိ႕နယ္၊ ျပည္ေညာင္ရြာမွာ မိခင္အား အရက္မူးၿပီး ရန္လုပ္တဲ့ ဖခင္ကို သားႀကီးျဖစ္သူက ဓားနဲ႔ထိုးသတ္မႈ ျဖစ္သြားတယ္လုိ႔ ယင္းမာပင္ရြာရဲစခန္းက ေျပာပါတယ္။

ဇြန္လ ၁၀ ရက္က ျပင္ေညာင္ရြာမွာ အသက္ ၄၅ ႏွစ္ရွိ ဦးသိန္းေဌး အရက္မူးၿပီး အိမ္ျပန္လာကာ ဇနီးျဖစ္သူ ေဒၚညိဳေခ်ာကို ေျခေထာက္နဲ႔ကန္ကာ ရန္လုပ္ခဲ့လို႔ ေဒၚညိဳေခ်ာ ႏႈတ္ခမ္းဖူးေရာင္ ဒဏ္ရာရသြားခဲ့ပါတယ္။

ည ၉ နာရီေလာက္မွာ သားႀကီးျဖစ္သူ အသက္ ၁၇ ႏွစ္အရြယ္ ရဲဝင္းထက္ အျပင္က ျပန္ေရာက္လာကာ အက်ိဳးအေၾကာင္း ေမးျမန္းခဲ့ၿပီး မိခင္ကုိ ရန္လုပ္တဲ့ဖခင္ကို အ႐ိုးအသြား ၁၃ လက္မရွိ ဓားနဲ႔ထိုးခဲ့တာေၾကာင့္ ဖခင္ ေသဆုံးသြားတယ္လို႔ ယင္းမာပင္ရြာရဲစခန္း ဒုရဲအုပ္ရန္သိန္းက ေျပာပါတယ္။

“ဦးသိန္းေဌးမွာ ယာဖက္ရင္အုံထိုးသြင္း ဒဏ္ရာတခ်က္၊ ဦးေခါင္းထိပ္ ျပတ္ရွ ဒဏ္ရာတခ်က္ ရသြားတယ္။ အခင္းျဖစ္ေနရာမွာ ေသဆုံးတယ္”လုိ႔ ေျပာပါတယ္။

ေဒၚညိဳေခ်ာဟာ ေလျဖန္းလုိ႔ ေတာင္ေဝွးေထာက္ သြားလာေနရသူျဖစ္ၿပီး သားအႀကီးက မိနစ္ပုိင္းေလးအတြင္း‎ စိတ္ထိန္းႏိုင္ရင္ ဒီလုိမျဖစ္ဖူးလို႔ ေဒသခံတဦးက ေျပာပါတယ္။

သာစည္ၿမိဳ႕နယ္ ယင္းမာပင္ရြာရဲစခန္းက ‎ရဲဝင္းထက္ကို လူသတ္မႈရာဇသတ္ႀကီး ပုဒ္မ ၃၀၂ နဲ႔ အမႈဖြင့္ အေရးယူထားပါတယ္။

Unicode


မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ပြည်ညောင်ရွာမှာ မိခင်အား အရက်မူးပြီး ရန်လုပ်တဲ့ ဖခင်ကို သားကြီးဖြစ်သူက ဓားနဲ့ထိုးသတ်မှု ဖြစ်သွားတယ်လို့ ယင်းမာပင်ရွာရဲစခန်းက ပြောပါတယ်။

ဇွန်လ ၁၀ ရက်က ပြင်ညောင်ရွာမှာ အသက် ၄၅ နှစ်ရှိ ဦးသိန်းဌေး အရက်မူးပြီး အိမ်ပြန်လာကာ ဇနီးဖြစ်သူ ဒေါ်ညိုချောကို ခြေထောက်နဲ့ကန်ကာ ရန်လုပ်ခဲ့လို့ ဒေါ်ညိုချော နှုတ်ခမ်းဖူးရောင် ဒဏ်ရာရသွားခဲ့ပါတယ်။


ည ၉ နာရီလောက်မှာ သားကြီးဖြစ်သူ အသက် ၁၇ နှစ်အရွယ် ရဲဝင်းထက် အပြင်က ပြန်ရောက်လာကာ အကျိုးအကြောင်း မေးမြန်းခဲ့ပြီး မိခင်ကို ရန်လုပ်တဲ့ဖခင်ကို အရိုးအသွား ၁၃ လက်မရှိ ဓားနဲ့ထိုးခဲ့တာကြောင့် ဖခင် သေဆုံးသွားတယ်လို့ ယင်းမာပင်ရွာရဲစခန်း ဒုရဲအုပ်ရန်သိန်းက ပြောပါတယ်။


“ဦးသိန်းဌေးမှာ ယာဖက်ရင်အုံထိုးသွင်း ဒဏ်ရာတချက်၊ ဦးခေါင်းထိပ် ပြတ်ရှ ဒဏ်ရာတချက် ရသွားတယ်။ အခင်းဖြစ်နေရာမှာ သေဆုံးတယ်”လို့ ပြောပါတယ်။


ဒေါ်ညိုချောဟာ လေဖြန်းလို့ တောင်ဝှေးထောက် သွားလာနေရသူဖြစ်ပြီး သားအကြီးက မိနစ်ပိုင်းလေးအတွင်း‎ စိတ်ထိန်းနိုင်ရင် ဒီလိုမဖြစ်ဖူးလို့ ဒေသခံတဦးက ပြောပါတယ်။


သာစည်မြို့နယ် ယင်းမာပင်ရွာရဲစခန်းက ‎ရဲဝင်းထက်ကို လူသတ်မှုရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။


‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)