ျမစ္ႀကီးနားၿမိဳ႕၌ ယာဥ္တိုက္မႈျဖစ္ပြားရာမွ တကၠသိုလ္ဝင္တန္း (၄)ဘာသာဂုဏ္ထူးရွင္တစ္ဦးေသဆုံး

(Zawgyi)
ျမစ္ႀကီးနား ဇြန္(၉)
↔️↔️↔️↔️↔️↔️
ျမစ္ႀကီးနားၿမိဳ႕၊ ရန္ႀကီးေအာင္ရပ္ကြက္၊ နယ္ေျမ(၁)စိမ္းျမဧရာလမ္းႏွင့္ ရန္ေအာင္ျမင္လမ္းဆုံေနရာ၌ယေန႕နံနက္(၁၀)နာရီခန႔္တြင္ေမာ္ေတာ္ယာဥ္တစ္စီးႏွင့္ ဆိုင္ကယ္တိုက္မိရာမွ တကၠသိုလ္ ဝင္တန္းတြင္ (၄)ဘာသာဂုဏ္ထူးရွင္တစ္ဦးေသဆုံးခဲ့ေၾကာင္းယာဥ္ထိန္းရဲတပ္ဖြဲ႕ထံမွ သိရွိရသည္။
ျဖစ္စဥ္မွာရန္ႀကီးေအာင္ရပ္ကြက္နယ္ေျမ(၁)အတြင္းစိမ္းျမဧရာလမ္းႏွင့္ ရန္ေအာင္ျမင္လမ္းဆုံ ေနရာ၌ ရန္ေအာင္ျမင္လမ္းအတိုင္း အေနာက္မွအေရွ႕သို႔ ယာဥ္ေမာင္း ဦးေဇာ္ထြန္းဦး၊ (၂၆)ႏွစ္ ေမာင္း ႏွင္လာေသာ Cargo အမ်ိဳးအစား (အစိမ္းေရာင္) ေမာ္ေတာ္ယာဥ္သည္ စိမ္းျမဧရာပန္းၿခံဘက္သို႔ ခ်ိဳးေကြ႕ရာမွ ယာဥ္ေၾကာတူ တစ္ဦးတည္းေမာင္းႏွင္လာေသာေမာင္ဆြတ္ဆိုင္းေအာင္၊ (၁၆)ႏွစ္ၿမိဳ႕သစ္ႀကီးရပ္ကြက္ေနထိုင္သူအ.ထ.က(၉)မွတကၠသိုလ္ဝင္တန္းတြင္(၄)ဘာသာဂုဏ္ထူးျဖင့္ေအာင္ျမင္ ခဲ့သူ၏ADIXIN Clickဆိုင္ကယ္ႏွင့္ အရွန္လြန္တိုက္မိရာယာဥ္တိုက္မႈေၾကာင့္ ေမာင္ဆြတ္ဆိုင္းေအာင္၏ဝဲဘက္လက္ေျခဖမိုးယာဘက္နံရိုးထိခိုက္ဒဏ္ရာမ်ားရရွိခဲ့၍ ျမစ္ႀကီးနားအေထြေထြေရာဂါကု ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ရာ ေဆး႐ုံသို႔ေရာက္ရွိၿပီး ခြဲစိတ္ေဆာင္ဝင္ရန္ ျပင္ဆင္ေနစဥ္ ေသဆုံးသြားခဲ့ေၾကာင္း သိရွိရသည္။
အခင္းျဖစ္ပြားစဥ္ ေမာ္ေတာ္ယာဥ္အား မဆင္မျခင္ေမာင္းႏွင္ၿပီး လမ္းလယ္မွယာဘက္ယာဥ္ေၾကာသို႔ယာဥ္ေၾကာေျပာင္းခ်ိဳးေကြ႕ေမာင္းႏွင္သူယာဥ္ေမာင္းဦးေဇာ္ထြန္းဦးဥပေဒႏွင့္အညီအမႈဖြင့္အေရးယူေဆာင္႐ြက္နိုင္ေရး ျမစ္ႀကီးနားယာဥ္ထိန္းရဲတပ္ဖြဲ႕မွ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရွိရသည္။
(Uncode)
မြစ်ကြီးနား ဇွန်(၉)
↔️↔️↔️↔️↔️↔️

မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ နယ်မြေ(၁)စိမ်းမြဧရာလမ်းနှင့် ရန်အောင်မြင်လမ်းဆုံနေရာ၌ယနေ့နံနက်(၁၀)နာရီခန့်တွင်မော်တော်ယာဉ်တစ်စီးနှင့် ဆိုင်ကယ်တိုက်မိရာမှ တက္ကသိုလ် ဝင်တန်းတွင် (၄)ဘာသာဂုဏ်ထူးရှင်တစ်ဦးသေဆုံးခဲ့ကြောင်းယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဖြစ်စဉ်မှာရန်ကြီးအောင်ရပ်ကွက်နယ်မြေ(၁)အတွင်းစိမ်းမြဧရာလမ်းနှင့် ရန်အောင်မြင်လမ်းဆုံ နေရာ၌ ရန်အောင်မြင်လမ်းအတိုင်း အနောက်မှအရှေ့သို့ ယာဉ်မောင်း ဦးဇော်ထွန်းဦး၊ (၂၆)နှစ် မောင်း နှင်လာသော Cargo အမျိုးအစား (အစိမ်းရောင်) မော်တော်ယာဉ်သည် စိမ်းမြဧရာပန်းခြံဘက်သို့ ချိုးကွေ့ရာမှ ယာဉ်ကြောတူ တစ်ဦးတည်းမောင်းနှင်လာသောမောင်ဆွတ်ဆိုင်းအောင်၊ (၁၆)နှစ်မြို့သစ်ကြီးရပ်ကွက်နေထိုင်သူအ.ထ.က(၉)မှတက္ကသိုလ်ဝင်တန်းတွင်(၄)ဘာသာဂုဏ်ထူးဖြင့်အောင်မြင် ခဲ့သူ၏ADIXIN Clickဆိုင်ကယ်နှင့် အရှန်လွန်တိုက်မိရာယာဉ်တိုက်မှုကြောင့် မောင်ဆွတ်ဆိုင်းအောင်၏ဝဲဘက်လက်ခြေဖမိုးယာဘက်နံရိုးထိခိုက်ဒဏ်ရာများရရှိခဲ့၍ မြစ်ကြီးနားအထွေထွေရောဂါကု ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံသို့ရောက်ရှိပြီး ခွဲစိတ်ဆောင်ဝင်ရန် ပြင်ဆင်နေစဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားစဉ် မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး လမ်းလယ်မှယာဘက်ယာဉ်ကြောသို့ယာဉ်ကြောပြောင်းချိုးကွေ့မောင်းနှင်သူယာဉ်မောင်းဦးဇော်ထွန်းဦးဥပဒေနှင့်အညီအမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရေး မြစ်ကြီးနားယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
#Credit