နမ့္လန္ေရေဘးသင့္ျပည္သူ ၃၀၀၀ ေက်ာ္ အေရးေပၚအကူညီလိုအပ္​ေန


Zawgyi

ရွမ္းျပည္ေျမာက္ပိုင္း၊ သီေပါၿမိဳ႕နယ္မွာ နမ့္လန္ေက်းရြာအုပ္စုႀကီးမွာ ဒီလဆန္းပိုင္းက သီတင္းတပတ္ေက်ာ္ ေရႀကီးမႈကို ေဒသခံေတြ ဆိုးဆိုးရြားရြားခံစားေနရၿပီး ေလာေလာ ဆယ္ ျပည္သူ ၃၀၀၀ ေက်ာ္အတြက္ အေရးေပၚအကူအညီလိုအပ္ေနပါတယ္။


ယမန္ေန႔က ေရက်သြားၿပီျဖစ္ေပမယ့္ တရြာလံုးရြံ႕ႏြံေတြဖံုးလႊမ္းေနၿပီး ဘာမွလုပ္ကိုင္ စားေသာက္လို႔ မရေသးဘဲ အိမ္ထဲမွာလည္း ခ်က္ျပဳတ္စားေသာက္ဖို႔ အဆင္မေျပေသးတာ ေၾကာင့္ ေသာက္ေရသန္႔နဲ႔ စားစရာေတြ၊ ေဆး၀ါးေတြ အသံုးအေဆာင္နဲ႔ အိမ္ေဆာက္ပစၥည္းေတြ လိုအပ္တယ္လို႔ နမ့္လန္ေက်း ရြာအုပ္ခ်ဳပ္ေရးမႉး ဦးစိုင္းယြန္းက ဒီဗြြီဘီကို ေျပာပါတယ္။


“ေရေတြက်သြားၿပီဆိုေပမယ့္ တရြာလံုးရြံ႔ေတြခ်ည္းဘဲ၊ ရႊ႔ံေတြခပ္ထုတ္ၿပီး သန္႔ရွင္းေရး လုပ္ေနရလို႔ ဘယ္သူမွပံုမွန္အလုပ္မ လုပ္ႏိုင္ဘူး။ တခ်ိဳ႔က အိမ္မွာေနလို႔မရလို႔ အျမင့္ပိုင္းက ေဆြမ်ိဳးအိမ္မွာ သြားေနရတယ္။ အကူအညီလိုတာကေတာ့ မ်ိဳးစံုေပါ့။ စားဖို႔ေသာက္ဖို႔ေရာ အိမ္ေထာင္ပရိေဘာဂ အ၀တ္အထည္အစံုေပါ့။ တခ်ဳိ႕က အိမ္ေထာင္ပစၥည္းေတြ ေရထဲ ပါသြားၿပီ။ အလႉရွင္ေတြလည္း လာပါတယ္။ တေန႔က ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး႐ုံးက ထမင္းထုတ္လာ ေ၀တယ္။ တျခားလူမႈကူညီေရးအဖြဲ႔ေတြ ပါတီေတြလည္း ဆန္၊ ဆီ၊ ေသာက္ေရသန္႔၊ ေငြေတြ လာလႉပါတယ္။ ဒါေပမယ့္ လူမ်ားေတာ့ မေလာက္ဘူး။”


နမ့္လန္ေက်းရြာအုပ္စုမွာ ရပ္ကြက္ေပါင္း ၁၁ ခုနဲ႔ ရြာ ၅ ရြာရွိၿပီး ေရ၀င္ခံရတဲ့အိမ္ေတြက စာရင္းအရ ၁၂၁၄ လံုးရွိကာ ဆိုးဆိုးရြားရြားေရလႊမ္းခံရတာက ၁၉၆ အိမ္၊ ေရေဘးသင့္ျပည္သူက ၃၃၄၅ ဦးရွိတယ္လုိ႔ သိရပါတယ္။


နမ့္လန္ထဲကို ၀င္လာတဲ့ေရေတြဟာ ေတာင္က်ေခ်ာင္းေရေတြျဖစ္တာေၾကာင့္ ေရစီးသန္ တာမို႔ ေနအိမ္ ၂၀ ေက်ာ္က အုတ္တံတိုင္းေတြ ၿပိဳက်ၿပီး လမ္းေတြကြဲအက္ပ်က္စီးသြားပါတယ္။


ဒါ့အျပင္ ၾကက္၊ ၀က္၊ ဘဲ စတဲ့ အိမ္ေမြး တရိစၦာန္ေတြပါ ေရထဲေမ်ာသြားတာရွိသလို၊ လယ္ယာစိုက္ခင္း ေတြလည္းပ်က္စီးဆံုးရံႉးမႈရွိပါတယ္။


နမ့္လန္သားတစ္ဦးကေတာ့ သူတို႔ရြာရဲ႕ အေနာက္ဘက္ သံုးမိုင္အကြာ နားေနရြာမွာ ေရ လႊမ္းမႈေၾကာင့္ ေနအိမ္တစ္လံုးနဲ႔ လယ္ေျမ ၂၃ ဧက ပ်က္စီးသြားတယ္လို႔ ဒီဗြီဘီကို ေျပာပါ တယ္။


ေရေဘးသင့္ျပည္သူေတြကူညီဖို႔ ကယ္ဆယ္ေရးေကာ္မတီဖြဲ႔ထားၿပီး နမ့္လန္ေက်း ရြာအုပ္ခ်ဳပ္ေရးရံုးမွာ အလႉခံဌာနဖြင့္ထာကာ ေအာက္ပါဖုန္းနံပတ္ေတြကို ဆက္သြယ္ လႉဒါန္းႏိုင္ပါတယ္။


ဖုန္း ၀၉ ၄၀၃၇၆၄၇၁၅ / ၀၉ ၄၀၃၇၄၆၆၉၇ / ၀၉ ၄၀၃၇ ၃၁၃၀၀ / ၀၉ ၄၀၃၇ ၂၃၀၆၀ / ၀၉ ၈၉၉၆၃၆၅၇၇


Crd.ပဥၥမ အာရံု

POl

ေက်ာက္မဲသတင္းစံု

Unicode

နမ့်လန်ရေဘေးသင့်ပြည်သူ ၃၀၀၀ ကျော် အရေးပေါ်အကူညီလိုအပ်


..............................


ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ နမ့်လန်ကျေးရွာအုပ်စုကြီးမှာ ဒီလဆန်းပိုင်းက သီတင်းတပတ်ကျော် ရေကြီးမှုကို ဒေသခံတွေ ဆိုးဆိုးရွားရွားခံစားနေရပြီး လောလော ဆယ် ပြည်သူ ၃၀၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေပါတယ်။


ယမန်နေ့က ရေကျသွားပြီဖြစ်ပေမယ့် တရွာလုံးရွံ့နွံတွေဖုံးလွှမ်းနေပြီး ဘာမှလုပ်ကိုင် စားသောက်လို့ မရသေးဘဲ အိမ်ထဲမှာလည်း ချက်ပြုတ်စားသောက်ဖို့ အဆင်မပြေသေးတာ ကြောင့် သောက်ရေသန့်နဲ့ စားစရာတွေ၊ ဆေးဝါးတွေ အသုံးအဆောင်နဲ့ အိမ်ဆောက်ပစ္စည်းတွေ လိုအပ်တယ်လို့ နမ့်လန်ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းယွန်းက ဒီဗွွီဘီကို ပြောပါတယ်။


“ရေတွေကျသွားပြီဆိုပေမယ့် တရွာလုံးရွံ့တွေချည်းဘဲ၊ ရွှံ့တွေခပ်ထုတ်ပြီး သန့်ရှင်းရေး လုပ်နေရလို့ ဘယ်သူမှပုံမှန်အလုပ်မ လုပ်နိုင်ဘူး။ တချို့က အိမ်မှာနေလို့မရလို့ အမြင့်ပိုင်းက ဆွေမျိုးအိမ်မှာ သွားနေရတယ်။ အကူအညီလိုတာကတော့ မျိုးစုံပေါ့။ စားဖို့သောက်ဖို့ရော အိမ်ထောင်ပရိဘောဂ အဝတ်အထည်အစုံပေါ့။ တချို့က အိမ်ထောင်ပစ္စည်းတွေ ရေထဲ ပါသွားပြီ။ အလှူရှင်တွေလည်း လာပါတယ်။ တနေ့က မြို့နယ်အုပ်ချုပ်ရေးရုံးက ထမင်းထုတ်လာ ဝေတယ်။ တခြားလူမှုကူညီရေးအဖွဲ့တွေ ပါတီတွေလည်း ဆန်၊ ဆီ၊ သောက်ရေသန့်၊ ငွေတွေ လာလှူပါတယ်။ ဒါပေမယ့် လူများတော့ မလောက်ဘူး။”


နမ့်လန်ကျေးရွာအုပ်စုမှာ ရပ်ကွက်ပေါင်း ၁၁ ခုနဲ့ ရွာ ၅ ရွာရှိပြီး ရေဝင်ခံရတဲ့အိမ်တွေက စာရင်းအရ ၁၂၁၄ လုံးရှိကာ ဆိုးဆိုးရွားရွားရေလွှမ်းခံရတာက ၁၉၆ အိမ်၊ ရေဘေးသင့်ပြည်သူက ၃၃၄၅ ဦးရှိတယ်လို့ သိရပါတယ်။


နမ့်လန်ထဲကို ဝင်လာတဲ့ရေတွေဟာ တောင်ကျချောင်းရေတွေဖြစ်တာကြောင့် ရေစီးသန် တာမို့ နေအိမ် ၂၀ ကျော်က အုတ်တံတိုင်းတွေ ပြိုကျပြီး လမ်းတွေကွဲအက်ပျက်စီးသွားပါတယ်။


ဒါ့အပြင် ကြက်၊ ဝက်၊ ဘဲ စတဲ့ အိမ်မွေး တရိစ္ဆာန်တွေပါ ရေထဲမျောသွားတာရှိသလို၊ လယ်ယာစိုက်ခင်း တွေလည်းပျက်စီးဆုံးရံှူးမှုရှိပါတယ်။


နမ့်လန်သားတစ်ဦးကတော့ သူတို့ရွာရဲ့ အနောက်ဘက် သုံးမိုင်အကွာ နားနေရွာမှာ ရေ လွှမ်းမှုကြောင့် နေအိမ်တစ်လုံးနဲ့ လယ်မြေ ၂၃ ဧက ပျက်စီးသွားတယ်လို့ ဒီဗွီဘီကို ပြောပါ တယ်။


ရေဘေးသင့်ပြည်သူတွေကူညီဖို့ ကယ်ဆယ်ရေးကော်မတီဖွဲ့ထားပြီး နမ့်လန်ကျေး ရွာအုပ်ချုပ်ရေးရုံးမှာ အလှူခံဌာနဖွင့်ထာကာ အောက်ပါဖုန်းနံပတ်တွေကို ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။


ဖုန်း ၀၉ ၄၀၃၇၆၄၇၁၅ / ၀၉ ၄၀၃၇၄၆၆၉၇ / ၀၉ ၄၀၃၇ ၃၁၃၀၀ / ၀၉ ၄၀၃၇ ၂၃၀၆၀ / ၀၉ ၈၉၉၆၃၆၅၇၇


Crd.ပဉ္စမ အာရုံ

POl

ကျောက်မဲသတင်းစုံ