Ford ကားမ်ားဝယ္ယူေရးကိစၥအေပၚ ေဝဖန္မႈမ်ားကို ရန္ကုန္တိုင္းအစုိးရက ျပန္လည္ရွင္းခ်က္

(Zawgyi)

ယခင္ရက္ပိုင္းက တိုင္းလႊတ္ေတာ္တြင္တင္ျပခဲ့သည့္ ဘက္ဂ်က္လ်ာထားေငြစာရင္းတြင္ ပါဝင္လာသည့္ အစိုးရအဖြဲ႔သံုးရန္ Ford ကားမ်ားဝယ္ယူေရးကိစၥအေပၚ ေဝဖန္မႈမ်ားကို ရန္ကုန္တိုင္းအစုိးရက ျပန္လည္ရွင္းလင္းလိုက္သည္။


အစိုးရအဖြဲ႕႔ဝန္ႀကီးမ်ား သံုးစြဲရန္ကားဝယ္ယူမည့္ကိစၥမွာ အေဆာင္အေယာင္ဥပေဒႏွင့္ လိုအပ္ခ်က္အရ ေဆာင္ရြက္ျခင္းျဖစ္ၿပီး လ်ာထားေငြသတ္မွတ္ခ်က္ကို တင္ျပျခင္းသာျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအ စိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာၾကားလိုက္သည္။


“အေဆာင္အေယာင္အရ ကၽြန္ေတာ္တို႔တိုင္းေဒသႀကီးရဲ႕ဘက္ဂ်က္ကေန ဝယ္ရမွာ မဟုတ္ပါ ဘူး။ ဒါက ျပည္ေထာင္စုကေန စီမံ၊ဘ႑ာဝန္ႀကီးဌာနဘက္ကေန ကၽြန္ေတာ္ တို႔ကိုခ်ေပးရမွာျဖစ္ပါ တယ္။ ဒီအတြက္ ျပည္ေထာင္စု စီမံ၊ဘ႑ာဝန္ႀကီးဌာနနဲ႔ ကၽြန္ေတာ္တို႔ေဆြးေႏြးေနပါတယ္။ ျပည္ေထာင္စု ဝန္ႀကီးဌာန ဘက္ကေန ေဆာင္ရြက္ေပးႏိုင္မယ္ဆိုရင္ ဒီကားေတြကို ဝယ္ယူစရာမလိုအပ္ေတာ့ပါဘူး။ ဒီီေငြေတြကို ကၽြန္ေတာ္တို႔ တိုင္းအတြင္း လိုအပ္တဲ့ အျခားေနရာေတြမွာ သံုးစြဲခြင့္ရသြားမွာျဖစ္သလုိ ေက်းလက္ေဒသ ဖြံ႔ၿဖိဳးတိုးတက္ေရးကို ပိုမိုသံုးစြဲႏိုင္ခြင့္္ ရသြားမွာျဖစ္ပါတယ္။ အခုျပည္ေထာင္စုဝန္ႀကီးဌာနနဲ႔ ကၽြန္ေတာ္ တို႔ ေဆြးေႏြးေနပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ဒီကားေတြက အေဆာင္အေယာင္ကားေတြ ျဖစ္တဲ့အတြက္ ဗဟိုစက္ပစၥည္း၊ စာရင္းအင္းႏွင့္ စစ္ေဆးေရးဦးစီးဌာန(CESID)ကေနၿပီးေတာ့ ကားထုတ္ေပးမယ္ ဆိုရင္ ကားေတြကို ဝယ္စရာမလိုေတာ့ပါဘူး။ ဖြဲ႔စည္းပံုအေျခခံဥပေဒအရ အစိုးရကေနၿပီးေတာ့ တင္သြင္းမယ့္ဥပေဒျဖစ္ၿပီး ဒီဥပေဒကို တိုင္းေဒသႀကီးလႊတ္ေတာ္ရဲ႕ ပုဒ္မ (၁၄၁)အရ ဥပေဒၾကမ္းကို အတည္ျပဳမယ့္အခ်ိန္မွသာ အမ်ားသေဘာဆႏၵနဲ႔ အတည္ျပဳရမွာျဖစ္ပါတယ္။ အခုကၽြန္ေတာ္တို႔က လ်ာထားခ်က္ကိုပဲ တင္ျပတာျဖစ္ပါတယ္”ဟု ဝန္ႀကီးခ်ဳပ္ကေျပာသည္။


ရန္ကုန္တိုင္းေဒသႀကီးတြင္ ၿပီးခဲ့သည့္ ၅ ႏွစ္အစိုးရသက္တမ္း၌ သံုးစြဲခဲ့သည့္ကားမ်ားကိုသာ ယခုဝန္ႀကီးမ်ားကို ေပးထားျခင္းျဖစ္ၿပီး ကားမ်ားအားလံုး မွာ စက္မႈဝန္ႀကီးဌာနက ထုတ္လုပ္ထားသည့္ ကားမ်ားျဖစ္ကာ ဂ်ဳံးဂ်ဳံးက်ေနၿပီျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ဝန္ႀကီးမ်ားက ကိုယ္ပိုင္ကားမ်ားကို သံုးစြဲၿပီး ရံုး တက္ၾကရေၾကာင္း၊ ရန္ကုန္ၿမိဳ႕တြင္ ယာဥ္ေၾကာ ၾကပ္တည္းမႈျပႆနာမ်ားရွိၿပီး ယာဥ္ထိမ္းရဲမ်ား ၊ရဲတပ္ဖြဲ႕မ်ား က အစိုးရ၏ တရားဝင္ကားမ်ားကိုပဲ အသိအမွတ္ျပဳထားျခင္းျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္လံုၿခံဳေရး ကိစၥရပ္မ်ားကို က်င့္သံုး မည္ဆိုပါက ကိုယ္ပိုင္ကားမ်ားကို စီးနင္းေနျခင္းသည္ မသင့္ေတာ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က ေျပာသည္။




“ကၽြန္ေတာ္တို႔က ကိုယ္ပိုင္ကားေတြမဟုတ္ဘဲ အေဆာင္အေယာင္ဥပေဒအရ ေပးကိုေပးရမယ့္ကား ေတြရွိပါတယ္။ အဲဒီေပးတဲ့ ေနရာမွာလည္း အိမ္သံုးဖို႔တစ္စီးေပးသလို ရံုးစီးဖို႔ တစ္စီိးေပးပါတယ္။ ရံုးစီးဖို႔ကားက လည္းစလြန္းကားမ်ိဳး ကၽြန္ေတာ္တို႔မေပးပါဘူး။ Wagon လို ကားမ်ိဳးပဲ ကၽြန္ေတာ္တို႔ေပးပါတယ္။ ဒါဘာေၾကာင့္လဲဆိုရင္ နယ္ၿမိဳ႕ေတြကိုသြားလာၿပီးေတာ့ စစ္ေဆးေရးေတြကို လုပ္မယ္ဆိုရင္ စလြန္းကားေတြက အဆင္မေျပပါဘူး။ Wagonကလည္း ဇိမ္ခံကားမဟုတ္ပါဘူး။ ဒီေနရာမွာ တိုင္းေဒသႀကီးရဲ႕ ေမာ္ေတာ္ယာဥ္လုပ္ငန္း ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ခ်မွတ္ထားတဲ့ မူဝါဒေတြအရ ကၽြန္ေတာ္တို႔က ျမန္မာျပည္မွာလာၿပီး(assembly)လုပ္မယ့္ကားေတြ ကိုဦးစားေပးၿပီးဝယ္ခ်င္ပါတယ္။ ဒါမွသာလွ်င္ ျပည္တြင္းထုတ္လုပ္တဲ့ လုပ္ငန္းေတြကို အားေပးရာေရာက္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔က TOYOTA ကားထဲကလည္းေကာင္း၊ Nissan ထဲကလည္းေကာင္း၊ Ford ထဲကလည္းေကာင္း ဒီလိုဝယ္ယူဖို႔အတြက္ လ်ာထားေငြသတ္မွတ္ျခင္း ပဲျဖစ္ပါတယ္။ လ်ာထားေငြဆိုတာ ပိုရင္လည္းပိုေနႏိုင္ပါတယ္။ ပိုရင္ ဝယ္ၿပီးရင္ ပြင့္လင္းျမင္သာေအာင္ ေဆာင္ရြက္ၿပီး ဝယ္ယူၿပီးတဲ့အခ်ိန္မွာ ပိုေငြကို ျပန္လည္အပ္ႏွံရမွာပဲျဖစ္ပါတယ္။


ယင္းလ်ာထားခ်က္တင္ျပမႈကို တိုင္းေဒသႀကီးလႊတ္ေတာ္ ဥပေဒပုဒ္မ(၁၄၀)အရ အႀကံျပဳခ်က္မ်ားကို ေဆြးေႏြးၾကၿပီးပါက ယင္းအႀကံျပဳခ်က္မ်ားကို ဝန္ႀကီးခ်ဳပ္ထံေပးပို႔ရမည္ျဖစ္ေၾကာင္း၊ ဝန္ႀကီးခ်ဳပ္ထံမွတဆင့္ ဘ႑ာေရးေကာ္မရွင္ကို တင္ျပရမည္ျဖစ္ေၾကာင္း၊ ဘ႑ာေရးေကာ္မရွင္၏ အတည္ျပဳခ်က္ရရွိၿပီဆိုပါက ျပည္ေထာင္စုလႊတ္ေတာ္၌ ျပည္ေထာင္စုအစိုးရက ဖြဲ႕စည္းပံုအေျခခံဥပေဒပုဒ္မ (၁၀၀)အရ ျပည္ေထာင္စု လႊတ္ေတာ္ကို တင္ျပရမည္ျဖစ္ေၾကာင္း၊ ျပည္ေထာင္စုလႊတ္ေတာ္မွ အတည္ျပဳၿပီးပါက တိုင္းေဒသႀကီး ၌ ျပန္လည္ေဆြးေႏြးရန္ တိုင္းေဒသႀကီးအစိုးရက လႊတ္ေတာ္သ႔ိုတင္ျပရမည္ျဖစ္ေၾကာင္း၊ ယင္းအခ်ိန္တြင္ တိုင္းေဒသႀကီးလႊတ္ေတာ္ ဥပေဒပုဒ္မ(၁၄၁)အရ လႊတ္ေတာ္၌အတည္ျပဳခ်က္ ရယူၾကရမည္ျဖစ္ေၾကာင္း ၀န္ၾကီးခ်ဳပ္က ဆက္လက္ေျပာသည္။


“ကၽြန္ေတာ့္အေနနဲ႔ ေျပာခ်င္တာက ကၽြန္ေတာ္တို႔က ႏိုင္ငံေရးတာဝန္ေတြကို လာၿပီးထမ္းေဆာင္ေနတာ ျဖစ္ပါတယ္။ အခြင့္အေရးလာယူေနတာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ရဲ႕ ျဖတ္သန္းခဲ့မႈေတြမွာ ၾကမ္းတမ္းမႈေတြ မ်ားစြာရွိပါတယ္။ ဒီအတြက္ ဒီတာဝန္ေတြကို ယူေနၾကတယ္။ ဝန္ႀကီးေတြကို တာဝန္ေပးတယ္ဆိုတာ ဒီတာဝန္ေတြနဲ႔အတူ အခြင့္အေရးယူၿပီး ျပည္သူလူထုရဲ႕ ဘ႑ာေငြေတြကို အလြဲျပဳလို႔မရႏိုင္ပါဘူး။ ကၽြန္ေတာ္တို႔ အားလံုးဟာ ယံုၾကည္မႈေတြအတြက္ ႏိုင္ငံေတာ္ႀကီး ဖြံ႔ၿဖိဳးတိုးတက္ေအာင္၊ တိုင္းျပည္တိုးတက္ေအာင္၊ ဒီမိုကေရစီေရး၊ လူ႔အခြင့္အေရးနဲ႔ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးေတြအတြက္ ႀကိဳးပမ္းေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။ ဒီအတြက္ ကားစီးဖို႔ေဆာင္ရြက္ေနတဲ့ အစိုးရအဖြဲ႕မဟုတ္ဘူး ဆိုတာကိုေတာ ့ရွင္းရွင္းလင္းလင္း ကၽြန္ေတာ္ေျပာခ်င္ပါတယ္။ အေဆာင္အေယာင္ ဥပေဒအရ သတ္မွတ္ထားတဲ့ ဥပေဒကိုေတာ့ ဝန္ႀကီးေတြလိုက္နာရပါမယ္။ ကၽြန္ေတာ္တို႔ဘက္ကလည္း လိုက္နာႏို္င္ေအာင္အတြက္ သူတို႔ကိုသတ္မွတ္ထားတဲ့ အခြင့္အေရးေတြကို ေပးရပါမယ္။ ဒါမွသာလွ်င္ ဥပေဒအတိုင္း ေဆာင္ရြက္ႏိုင္မွာျဖစ္ပါတယ္။ ဥပေဒမွာ မပါတာကိုလည္း မလုပ္ဖို႔လိုသလို၊ဥပ ေဒမွာပါဝင္တာကိုလည္း လုပ္ကိုလုပ္ရပါမွာ ျဖစ္ပါတယ္။ ဒါဟာ ကၽြန္ေတာ္တို႔ ဥပေဒစိုးမိုးေရးကို ဦးထိ္ပ္ထားတဲ့ အစိုးရတစ္ရပ္အေနနဲ႔ ဒီအတိုင္းပဲ ေဆာင္ရြက္သြားၾကရမွာ ျဖစ္ပါတယ္” ဟု ဝန္ႀကီးခ်ဳပ္ကေျပာသည္။




(Unicode)

ယခင်ရက်ပိုင်းက တိုင်းလွှတ်တော်တွင်တင်ပြခဲ့သည့် ဘက်ဂျက်လျာထားငွေစာရင်းတွင် ပါဝင်လာသည့် အစိုးရအဖွဲ့သုံးရန် Ford ကားများဝယ်ယူရေးကိစ္စအပေါ် ဝေဖန်မှုများကို ရန်ကုန်တိုင်းအစိုးရက ပြန်လည်ရှင်းလင်းလိုက်သည်။


အစိုးရအဖွဲ့ဝန်ကြီးများ သုံးစွဲရန်ကားဝယ်ယူမည့်ကိစ္စမှာ အဆောင်အယောင်ဥပဒေနှင့် လိုအပ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး လျာထားငွေသတ်မှတ်ချက်ကို တင်ပြခြင်းသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအ စိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။


“အဆောင်အယောင်အရ ကျွန်တော်တို့တိုင်းဒေသကြီးရဲ့ဘက်ဂျက်ကနေ ဝယ်ရမှာ မဟုတ်ပါ ဘူး။ ဒါက ပြည်ထောင်စုကနေ စီမံ၊ဘဏ္ဍာဝန်ကြီးဌာနဘက်ကနေ ကျွန်တော် တို့ကိုချပေးရမှာဖြစ်ပါ တယ်။ ဒီအတွက် ပြည်ထောင်စု စီမံ၊ဘဏ္ဍာဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ဆွေးနွေးနေပါတယ်။ ပြည်ထောင်စု ဝန်ကြီးဌာန ဘက်ကနေ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ဒီကားတွေကို ဝယ်ယူစရာမလိုအပ်တော့ပါဘူး။ ဒီငွေတွေကို ကျွန်တော်တို့ တိုင်းအတွင်း လိုအပ်တဲ့ အခြားနေရာတွေမှာ သုံးစွဲခွင့်ရသွားမှာဖြစ်သလို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုသုံးစွဲနိုင်ခွင့်် ရသွားမှာဖြစ်ပါတယ်။ အခုပြည်ထောင်စုဝန်ကြီးဌာနနဲ့ ကျွန်တော် တို့ ဆွေးနွေးနေပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီကားတွေက အဆောင်အယောင်ကားတွေ ဖြစ်တဲ့အတွက် ဗဟိုစက်ပစ္စည်း၊ စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန(CESID)ကနေပြီးတော့ ကားထုတ်ပေးမယ် ဆိုရင် ကားတွေကို ဝယ်စရာမလိုတော့ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရကနေပြီးတော့ တင်သွင်းမယ့်ဥပဒေဖြစ်ပြီး ဒီဥပဒေကို တိုင်းဒေသကြီးလွှတ်တော်ရဲ့ ပုဒ်မ (၁၄၁)အရ ဥပဒေကြမ်းကို အတည်ပြုမယ့်အချိန်မှသာ အများသဘောဆန္ဒနဲ့ အတည်ပြုရမှာဖြစ်ပါတယ်။ အခုကျွန်တော်တို့က လျာထားချက်ကိုပဲ တင်ပြတာဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်ကပြောသည်။


ရန်ကုန်တိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၅ နှစ်အစိုးရသက်တမ်း၌ သုံးစွဲခဲ့သည့်ကားများကိုသာ ယခုဝန်ကြီးများကို ပေးထားခြင်းဖြစ်ပြီး ကားများအားလုံး မှာ စက်မှုဝန်ကြီးဌာနက ထုတ်လုပ်ထားသည့် ကားများဖြစ်ကာ ဂျုံးဂျုံးကျနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးများက ကိုယ်ပိုင်ကားများကို သုံးစွဲပြီး ရုံး တက်ကြရကြောင်း၊ ရန်ကုန်မြို့တွင် ယာဉ်ကြော ကြပ်တည်းမှုပြဿနာများရှိပြီး ယာဉ်ထိမ်းရဲများ ၊ရဲတပ်ဖွဲ့များ က အစိုးရ၏ တရားဝင်ကားများကိုပဲ အသိအမှတ်ပြုထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လုံခြုံရေး ကိစ္စရပ်များကို ကျင့်သုံး မည်ဆိုပါက ကိုယ်ပိုင်ကားများကို စီးနင်းနေခြင်းသည် မသင့်တော်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။


“ကျွန်တော်တို့က ကိုယ်ပိုင်ကားတွေမဟုတ်ဘဲ အဆောင်အယောင်ဥပဒေအရ ပေးကိုပေးရမယ့်ကား တွေရှိပါတယ်။ အဲဒီပေးတဲ့ နေရာမှာလည်း အိမ်သုံးဖို့တစ်စီးပေးသလို ရုံးစီးဖို့ တစ်စီးပေးပါတယ်။ ရုံးစီးဖို့ကားက လည်းစလွန်းကားမျိုး ကျွန်တော်တို့မပေးပါဘူး။ Wagon လို ကားမျိုးပဲ ကျွန်တော်တို့ပေးပါတယ်။ ဒါဘာကြောင့်လဲဆိုရင် နယ်မြို့တွေကိုသွားလာပြီးတော့ စစ်ဆေးရေးတွေကို လုပ်မယ်ဆိုရင် စလွန်းကားတွေက အဆင်မပြေပါဘူး။ Wagonကလည်း ဇိမ်ခံကားမဟုတ်ပါဘူး။ ဒီနေရာမှာ တိုင်းဒေသကြီးရဲ့ မော်တော်ယာဉ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားတဲ့ မူဝါဒတွေအရ ကျွန်တော်တို့က မြန်မာပြည်မှာလာပြီး(assembly)လုပ်မယ့်ကားတွေ ကိုဦးစားပေးပြီးဝယ်ချင်ပါတယ်။ ဒါမှသာလျှင် ပြည်တွင်းထုတ်လုပ်တဲ့ လုပ်ငန်းတွေကို အားပေးရာရောက်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က TOYOTA ကားထဲကလည်းကောင်း၊ Nissan ထဲကလည်းကောင်း၊ Ford ထဲကလည်းကောင်း ဒီလိုဝယ်ယူဖို့အတွက် လျာထားငွေသတ်မှတ်ခြင်း ပဲဖြစ်ပါတယ်။ လျာထားငွေဆိုတာ ပိုရင်လည်းပိုနေနိုင်ပါတယ်။ ပိုရင် ဝယ်ပြီးရင် ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ပြီး ဝယ်ယူပြီးတဲ့အချိန်မှာ ပိုငွေကို ပြန်လည်အပ်နှံရမှာပဲဖြစ်ပါတယ်။


ယင်းလျာထားချက်တင်ပြမှုကို တိုင်းဒေသကြီးလွှတ်တော် ဥပဒေပုဒ်မ(၁၄၀)အရ အကြံပြုချက်များကို ဆွေးနွေးကြပြီးပါက ယင်းအကြံပြုချက်များကို ဝန်ကြီးချုပ်ထံပေးပို့ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ထံမှတဆင့် ဘဏ္ဍာရေးကော်မရှင်ကို တင်ပြရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးကော်မရှင်၏ အတည်ပြုချက်ရရှိပြီဆိုပါက ပြည်ထောင်စုလွှတ်တော်၌ ပြည်ထောင်စုအစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၀၀)အရ ပြည်ထောင်စု လွှတ်တော်ကို တင်ပြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးပါက တိုင်းဒေသကြီး ၌ ပြန်လည်ဆွေးနွေးရန် တိုင်းဒေသကြီးအစိုးရက လွှတ်တော်သ့ိုတင်ပြရမည်ဖြစ်ကြောင်း၊ ယင်းအချိန်တွင် တိုင်းဒေသကြီးလွှတ်တော် ဥပဒေပုဒ်မ(၁၄၁)အရ လွှတ်တော်၌အတည်ပြုချက် ရယူကြရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။


“ကျွန်တော့်အနေနဲ့ ပြောချင်တာက ကျွန်တော်တို့က နိုင်ငံရေးတာဝန်တွေကို လာပြီးထမ်းဆောင်နေတာ ဖြစ်ပါတယ်။ အခွင့်အရေးလာယူနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဖြတ်သန်းခဲ့မှုတွေမှာ ကြမ်းတမ်းမှုတွေ များစွာရှိပါတယ်။ ဒီအတွက် ဒီတာဝန်တွေကို ယူနေကြတယ်။ ဝန်ကြီးတွေကို တာဝန်ပေးတယ်ဆိုတာ ဒီတာဝန်တွေနဲ့အတူ အခွင့်အရေးယူပြီး ပြည်သူလူထုရဲ့ ဘဏ္ဍာငွေတွေကို အလွဲပြုလို့မရနိုင်ပါဘူး။ ကျွန်တော်တို့ အားလုံးဟာ ယုံကြည်မှုတွေအတွက် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင်၊ တိုင်းပြည်တိုးတက်အောင်၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးတွေအတွက် ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီအတွက် ကားစီးဖို့ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့မဟုတ်ဘူး ဆိုတာကိုတော့ရှင်းရှင်းလင်းလင်း ကျွန်တော်ပြောချင်ပါတယ်။ အဆောင်အယောင် ဥပဒေအရ သတ်မှတ်ထားတဲ့ ဥပဒေကိုတော့ ဝန်ကြီးတွေလိုက်နာရပါမယ်။ ကျွန်တော်တို့ဘက်ကလည်း လိုက်နာနိုင်အောင်အတွက် သူတို့ကိုသတ်မှတ်ထားတဲ့ အခွင့်အရေးတွေကို ပေးရပါမယ်။ ဒါမှသာလျှင် ဥပဒေအတိုင်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဥပဒေမှာ မပါတာကိုလည်း မလုပ်ဖို့လိုသလို၊ဥပ ဒေမှာပါဝင်တာကိုလည်း လုပ်ကိုလုပ်ရပါမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ဥပဒေစိုးမိုးရေးကို ဦးထိပ်ထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ ဒီအတိုင်းပဲ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ကပြောသည်။


Credit: 7day news journal