Mytel ကြန္ရက္က မ်ိဳးခ်စ္စိတ္ႏွင့္ အမ်ိဳးသားေရးစရိုက္လကၡဏာမ်ား တိုးတက္ေစရန္ ကူညီမည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ေျပာ


(Zawgyi)
Mytel ကြန္ရက္က မ်ိဳးခ်စ္စိတ္ႏွင့္ အမ်ိဳးသားေရးစရိုက္လကၡဏာမ်ား တိုးတက္ေစရန္ ကူညီမည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ေျပာ

Mytel ကြန္ရက္စတင္ျခင္း အခမ္းအနားတြင္ စကားေျပာၾကားေနေသာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ကို ေတြ႕ရစဥ္ (ဓာတ္ပုံ - တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး)
 Mytel ကြန္ရက္ကို ေမွ်ာ္မွန္းသည့္အတိုင္း ျဖန႔္ၾကက္နိုင္ပါက ယဥ္ေက်းမႈ၊ မ်ိဳးခ်စ္စိတ္၊ နိုင္ငံခ်စ္စိတ္ႏွင့္ အမ်ိဳးသားေရးစရိုက္လကၡဏာမ်ား တိုးတက္ေကာင္းမြန္ေစရန္ ICT နည္းပညာမ်ားႏွင့္ အေထာက္အကူျပဳမည္ဟု တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေျပာသည္။
ရန္ကုန္ၿမိဳ႕ Pullman ဟို တယ္၌ ဇြန္လ ၉ ရက္က က်င္းပ သည့္ Mytel တယ္လီကြန္းကြန္ ရက္ တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ စတင္ျခင္းအခမ္းအနားတြင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ယခုကဲ့သို႔ ေျပာၾကားသည္။
၂၀၁၈ အတြင္း ေမွ်ာ္မွန္း သည့္အတိုင္း တည္ေဆာက္မႈမ်ားၿပီးစီးပါက Mytel ၏ ကြန္ရက္သည္ ဖုန္း (အသံ)ေခၚဆိုမႈတြင္ နိုင္ငံလူဦးေရ၏ ၉၀ ရာခိုင္ ႏႈန္းေက်ာ္၊ 4G အတြက္ ၆၀ ရာခိုင္ႏႈန္း လႊမ္းၿခဳံနိုင္မည္ဟု ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာသည္။ ထိုလႊမ္းၿခဳံမႈျဖင့္ ျမန္မာ့လူသားအရင္းအျမစ္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ေဒသ၏ လူမႈစီးပြားတိုးတက္ေရးအတြက္ သတင္းအခ်က္အလက္ ျဖန႔္ေဝျခင္းတို႔ ေဆာင္႐ြက္ေပးနိုင္မည္ဟု ၎က ေျပာသည္။
နိုင္ငံတည္ေဆာက္ေရး (State Building) တြင္ အေျခခံအ ေဆာက္အအုံတည္ေဆာက္ေရး သည္ အဓိကအခ်က္ျဖစ္ေၾကာင္း၊ နိုင္ငံဖြံ႕ၿဖိဳးတိုးတက္ရန္ သယ္ယူ  ပို႔ေဆာင္ေရး၊ ဆက္သြယ္ေရး၊ လွ်ပ္စစ္ႏွင့္ လူသားအရင္းအျမစ္ တို႔လိုအပ္ေၾကာင္းႏွင့္ Mytel သည္အဆိုပါအခ်က္ ေလးခုအနက္ ဆက္သြယ္ေရးႏွင့္ လူသားအရင္း အျမစ္ကို အေထာက္အကူေပး မည္ျဖစ္ေၾကာင္း ကာကြယ္ေရးဦး စီးခ်ဳပ္က ေျပာသည္။
‘‘ဒီေန႕ေဆာင္႐ြက္ေနၾကတဲ့ ေအာ္ပေရတာ ေလးခုထဲမွာ တယ္ လီကြန္း အင္တာေနရွင္နယ္ ျမန္မာ Mytel သာလွ်င္ တစ္ခု တည္းေသာ အမ်ားပိုင္ကုမၸဏီ မ်ားပါဝင္တဲ့ ဆက္သြယ္ေရးေအာ္ ပေရတာတစ္ခုျဖစ္ေၾကာင္း အ ထင္အရွားေတြ႕ရမွာ ျဖစ္တယ္’’ ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္ လွိုင္က ေျပာသည္။
Mytel သည္ ျမန္မာနိုင္ငံ၏ စတုတၳေျမာက္ေအာ္ပေရတာျဖစ္ ၿပီး ရင္းႏွီးျမႇုပ္ႏွံမႈ ကန္ေဒၚလာ ၂ ဘီလီယံရွိသည္။ အဆိုပါေအာ္ပ ေရတာကို ျမန္မာ့စီးပြားေရးေကာ္ ပိုေရးရွင္းက ၂၈ ရာခိုင္ႏႈန္းပိုင္ဆိုင္ၿပီး ဗီယက္နမ္အစိုးရပိုင္ Viettel ကုမၸဏီက ၄၉ ရာခိုင္ႏႈန္းပိုင္ဆိုင္ သည္။ ျပည္တြင္းအမ်ားပိုင္ကုမၸဏီ ၁၁ ခုက အစုရွယ္ယာ ၂၃ ရာခိုင္ႏႈန္းပိုင္ဆိုင္သည္ဟု Mytel ျပင္ပဆက္ဆံေရးအရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးက ေျပာသည္။
Mytel သည္ လက္ရွိတြင္ တာဝါတိုင္ ၆,၀၀၀ ခန႔္စိုက္ထူထားၿပီး ျမန္မာနိုင္ငံ၏ ၇၂ ရာခိုင္ႏႈန္းကို လႊမ္းၿခဳံထားသည္ဆိုသည္။ Mytel စတင္မိတ္ ဆက္ပြဲကို ၂၀၁၈ ေဖေဖာ္ဝါရီတြင္ ျပဳလုပ္ခဲ့သည္။

(Unicode)
Mytel ကွန်ရက်က မျိုးချစ်စိတ်နှင့် အမျိုးသားရေးစရိုက်လက္ခဏာများ တိုးတက်စေရန် ကူညီမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

Mytel ကွန်ရက်စတင်ခြင်း အခမ်းအနားတွင် စကားပြောကြားနေသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
 Mytel ကွန်ရက်ကို မျှော်မှန်းသည့်အတိုင်း ဖြန့်ကြက်နိုင်ပါက ယဉ်ကျေးမှု၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နှင့် အမျိုးသားရေးစရိုက်လက္ခဏာများ တိုးတက်ကောင်းမွန်စေရန် ICT နည်းပညာများနှင့် အထောက်အကူပြုမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ရန်ကုန်မြို့ Pullman ဟို တယ်၌ ဇွန်လ ၉ ရက်က ကျင်းပ သည့် Mytel တယ်လီကွန်းကွန် ရက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ခြင်းအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုကဲ့သို့ ပြောကြားသည်။
၂၀၁၈ အတွင်း မျှော်မှန်း သည့်အတိုင်း တည်ဆောက်မှုများပြီးစီးပါက Mytel ၏ ကွန်ရက်သည် ဖုန်း (အသံ)ခေါ်ဆိုမှုတွင် နိုင်ငံလူဦးရေ၏ ၉၀ ရာခိုင် နှုန်းကျော်၊ 4G အတွက် ၆၀ ရာခိုင်နှုန်း လွှမ်းခြုံနိုင်မည်ဟု ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။ ထိုလွှမ်းခြုံမှုဖြင့် မြန်မာ့လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသ၏ လူမှုစီးပွားတိုးတက်ရေးအတွက် သတင်းအချက်အလက် ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ပေးနိုင်မည်ဟု ၎င်းက ပြောသည်။
နိုင်ငံတည်ဆောက်ရေး (State Building) တွင် အခြေခံအ ဆောက်အအုံတည်ဆောက်ရေး သည် အဓိကအချက်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် သယ်ယူ  ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် လူသားအရင်းအမြစ် တို့လိုအပ်ကြောင်းနှင့် Mytel သည်အဆိုပါအချက် လေးခုအနက် ဆက်သွယ်ရေးနှင့် လူသားအရင်း အမြစ်ကို အထောက်အကူပေး မည်ဖြစ်ကြောင်း ကာကွယ်ရေးဦး စီးချုပ်က ပြောသည်။
‘‘ဒီနေ့ဆောင်ရွက်နေကြတဲ့ အော်ပရေတာ လေးခုထဲမှာ တယ် လီကွန်း အင်တာနေရှင်နယ် မြန်မာ Mytel သာလျှင် တစ်ခု တည်းသော အများပိုင်ကုမ္ပဏီ များပါဝင်တဲ့ ဆက်သွယ်ရေးအော် ပရေတာတစ်ခုဖြစ်ကြောင်း အ ထင်အရှားတွေ့ရမှာ ဖြစ်တယ်’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောသည်။
Mytel သည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက်အော်ပရေတာဖြစ် ပြီး ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂ ဘီလီယံရှိသည်။ အဆိုပါအော်ပ ရေတာကို မြန်မာ့စီးပွားရေးကော် ပိုရေးရှင်းက ၂၈ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ဗီယက်နမ်အစိုးရပိုင် Viettel ကုမ္ပဏီက ၄၉ ရာခိုင်နှုန်းပိုင်ဆိုင် သည်။ ပြည်တွင်းအများပိုင်ကုမ္ပဏီ ၁၁ ခုက အစုရှယ်ယာ ၂၃ ရာခိုင်နှုန်းပိုင်ဆိုင်သည်ဟု Mytel ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ပြောသည်။
Mytel သည် လက်ရှိတွင် တာဝါတိုင် ၆,၀၀၀ ခန့်စိုက်ထူထားပြီး မြန်မာနိုင်ငံ၏ ၇၂ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်ဆိုသည်။ Mytel စတင်မိတ် ဆက်ပွဲကို ၂၀၁၈ ဖေဖော်ဝါရီတွင် ပြုလုပ်ခဲ့သည်။